Skip to content

ကြယ်

လေပြေတွေ ရောက်လို့မလာခင်
မုန်တိုင်းတွေ ဖြတ်ကျော်ရဦးမယ်
 
အမှောင်ယံတွေ ကြီးစိုးပြီးသွားရင်
နေရောင်တွေ ပြန်လင်းလက်သွားမယ်
 
အကာကွယ်တွေ မရှိတဲ့ဘ၀မှာ
ကျည်ဆံတွေ ဘယ်လိုချင်မလဲ
 
နောင်တစ်ချိန် အနာဂတ်တို့ အတွက်
ကောင်းစားဖို့ရာ ဒီလူတွေ လုပ်ရက်လေခြင်း
 
တစ်ချို့တွေ အိမ်မပြန်နိုင်တော့ချိန်
တစ်ချို့တွေ ပြန်မဆုံနိုင်တော့ချိန်
တစ်ချို့တွေ အမှောင်ယံတွေထဲ
လမ်းပျောက်ခဲ့ပြီ
 
 
တစ်နေ့မှာ အရာရာ အောင်မြင်ပြီး
ရောင်နီတွေ လင်းချိန်
တကယ်ပဲ နင်တို့လိပ်ပြာ လုံနိုင်မှာလား
 
ကြယ်လေးတွေ ကြွေလွင့်ချိန်
နင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
 
ဒီတိုက်ပွဲမှာ ငါတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
နင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
 
 
#################
 
 
အကြောက်တရားတွေနဲ့
ရှင်သန်ခဲ့ကြတဲ့ တစ်ချိန်ကမျိုးဆက်များနဲ့
ငါတို့တွေရဲ့ တိုက်ပွဲ
 
မျှော်လင့်နေတဲ့
ရွှေရောင်နေ့ရက်များဆီ လှမ်းလို့သွားဖို့
နွေဦးငယ်ရဲ့ အောင်ပွဲ
 
တစ်ချို့တွေ အိမ်မပြန်နိုင်တော့ချိန်
တစ်ချို့တွေ ပြန်မဆုံနိုင်တော့ချိန်
တစ်ချို့တွေ အမှောင်ယံတွေထဲ
လမ်းပျောက်ခဲ့ ပြီ
 
တစ်နေ့မှာ အရာရာ အောင်မြင်ပြီး
ရောင်နီတွေ လင်းချိန်
တကယ်ပဲ နင်တို့ လိပ်ပြာလုံနိုင်မှာလား
 
 
ကြယ်လေးတွေ ကြွေလွင့်ချိန်
နင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
 
ဒီတိုက်ပွဲမှာ သူတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
နင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
 
ဒီကြယ်လေးတွေ ကြွေလွင့်ချိန်
နင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
 
ဒီတိုက်ပွဲမှာ ငါတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
နင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
 
ဒီကြယ်လေးတွေ ကြွေလွင့်ချိန်
နင်တို့ လိပ်ပြာလုံရဲ့လား
အနာဂတ်တွေဟာ မသေချာတော့ပါ
 
 
ဒီတိုက်ပွဲမှာ ငါတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
နင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား
 
ဒီတိုက်ပွဲမှာ သူတို့ဟာ
အသွေးနဲ့ အသားကို ပုံအပ်ထား
 
နင်တို့တွေ တကယ် လိပ်ပြာလုံရဲ့လား